မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂- ၂၀၂၃ အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (ပြည်နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
မွန်ပြည်နယ်သည် ပညာရေးကဏ္ဍအနေဖြင့် နှစ်စဉ် အခြေခံပညာကျောင်းတွင် အောင်ချက် ကောင်းမွန်သော ပြည်နယ်တစ်ခုဖြစ်ရာ ယခုတွင်လည်း ပညာရေးကောင်းမွန်အောင် မွမ်းမံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ၂၀၂၂- ၂၀၂၃ အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (ပြည်နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား မော်လမြိုင်မြို့၊ အမှတ် (၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။