ရွှေကျင်မြို့တွင် အသိပညာပေး Talk Show ဆောင်ရွက် Read more about ရွှေကျင်မြို့တွင် အသိပညာပေး Talk Show ဆောင်ရွက် ရွှေကျင် ဇွန် ၇ ထွန်းထွန်းဇော် (ပြန်/ဆက်)
လှည်းကူးမြို့နယ်၊ စာဘူးတောင်ကျေးရွာအုပ်စု၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး Read more about လှည်းကူးမြို့နယ်၊ စာဘူးတောင်ကျေးရွာအုပ်စု၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီက စာဘူးတောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကမ်းနီကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်း Barrier Free Tourism အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက် Read more about လားရှိုးမြို့ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်း Barrier Free Tourism အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း Barrier Free Tourism အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင် များမှ ဝန်ဆောင်မှုဆောင်ရွက်နေသောဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွှေတောင်စု ခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ Read more about ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွှေတောင်စု ခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရွှေတောင်စုခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာ အုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြ ကျေးရွာရှိ ယာယီရှင်းလင်းဆောင်၌ပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံမှ မိုးစပါးဧက(၅၀၀)အတွက် ပျိုးထောင်ရေ စတင်ပေးဝေ Read more about ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံမှ မိုးစပါးဧက(၅၀၀)အတွက် ပျိုးထောင်ရေ စတင်ပေးဝေ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင် တမံဆည်နှင့် ရင်းရှည်ရေလှောင်တမံ ဆည်ရှိပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ရင်းရှည်ရေလှောင်တမံ ဆည်ရေသောက်ဧရိယာများ၌ မိုးစပါး စိုက်ပျိုးရန် လျာထားဧက(၅၀၀) အတွက် ပျိုးထောင်ရေကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ်ဆည် မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ကိုဦးထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးခဲ့ကြသော စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက် Read more about ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးခဲ့ကြသော စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ ပရဟိတအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား / သူများအား ကျောင်းအပ်နှံခြင်း စတင်လက်ခံ Read more about ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား / သူများအား ကျောင်းအပ်နှံခြင်း စတင်လက်ခံ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား / သူများအား ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ပါးစပ်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီရောင်းချနေသော ဆိုင်များအား အဝါရောင်ပေပါပုံးများဖြင့် ဆီသယ်ဆောင်ကြရန် လိုက်လံအသိပေး လိုက်လံစစ်ဆေး Read more about ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီရောင်းချနေသော ဆိုင်များအား အဝါရောင်ပေပါပုံးများဖြင့် ဆီသယ်ဆောင်ကြရန် လိုက်လံအသိပေး လိုက်လံစစ်ဆေး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ဒိုက်ဦး မြို့မစျေးကြီးအတွင်းရှိ စားသုံးဆီရောင်းချနေသော ဆိုင်များ သို့ ကွင်းဆင်း၍ ဆီလုပ်ငန်းရှင်များအနေဖြင့် ဆိုင်တွင် ရောင်းချမည့်စားသုံးဆီများ သယ်ဆောင်ရာတွင် အဝါရောင်ပေပါ အသစ်(သို့မဟုတ်) သန့်စင်ပြီး အဝါရောင်ပေပါများနှင့် စားသုံးဆီသီးသန့် သယ်ဆောင်ကြရန် အသိပေးနှိုးဆော် ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ကြည့်ရှုအားပေး Read more about အုတ်တွင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ကြည့်ရှုအားပေး ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနေ တောင်သူ ဦးသန်းနိုင်၏ လယ်မြေ၌ နွေစပါးစံကွက် ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီခွဲ အချိန်က အဆိုပါကျေးရွာတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် Read more about မင်္ဂလာဒုံမြို့နယ်တွင် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံအနီးရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အင်ကြင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်လျက်ရှိကြောင်း သိရသည်။