ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် သင်တန်းသား/သူ များအား ကြိုဆိုပွဲ ကျင်းပ

ဘိုကလေး ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ် တွင် ဧပြီ(၂၀)ရက်နေ့မှ မေ(၂၅)ရက်နေ့ထိ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ် သင်တန်းအား ဖွင့်လှစ်ပို့ချ သင်ကြားလျက်ရှိရာ ယနေ့နံနက်(၉)နာရီ၌ အဆိုပါ ကောလိပ် ခန်းမ၌ သင်တန်းသား/သူ များအား ကြိုဆိုပွဲ ကျင်းပသည်။

ကြိုဆိုပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌမှ ဩဝါဒအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဘိုကလေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်မှ သင်တန်းသား/သူ များအား ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊  နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မွေးထုတ်သင်ကြားပေးရမည့် ဆရာ/များသည် စံနမူနာ ယူထိုက်သည့် ဆရာ/မများ ဖြစ်ပေါ်လာစေရေးအတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြား ပို့ချရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ယခုဖွင့်လှစ်သင်ကြားသည့် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ် သင်တန်း အမှတ်စဉ်(၁/၂၂)သို့ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊ လေးမျက်နှာ၊ ပန်းတနော်၊ မော်ကျွန်း၊ ဓနုဖြူ၊ မြန်အောင်၊ မအူပင်၊ လပွတ္တာ၊ ညောင်တုန်း၊ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း မြို့နယ်များမှ  မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ/ဆရာမ (၃၆၃)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)