မော်လမြိုင်ကျွန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကျင်းပ

မော်လမြိုင်ကျွန်း ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး အခမ်းအနားအား နမောတဿ (၃) ကြိမ် ရွတ်ဆို ဖွင့်လှစ်ကာ ကန်တော့ကြိုးဖြင့် ပူဇော်ကန်တော့ပြီးနောက် တက်ရောက်လာသော ဘိုးဘွားများ ကိုယ်စား အဘဦးကျော်အေးကိုက ဆုတောင်းမေတ္တာများ ပေးပို့ခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ‌ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် အလှူရှင်များက မြို့ပေါ်ရပ်ကွက် (၁၃) ရပ်ကွက်မှ သက်ကြီးဘိုးဘွား (၃၉) ဦးအား လှူဒါန်း ဖွယ်ရာများ အသီးသီးပေးအပ်လှူဒါန်းကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍ အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်အောင် (ပြန်/ဆက်)