(၃၄) ကြိမ်မြောက် အခြေခံစား‌​သောက်ကုန်များထောက်ပံ့လှူဒါန်းပွဲကျင်းပ

ဝိုင်းမော်     မေ      ၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လပြည့်ဝန်း လူမှုကူညီရေးအသင်းသား/သူများအား (၃၄) ကြိမ်မြောက် အခြေခံစား‌​သောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မေလ ၈ ရက် နံနက် ၁၀ နာရီခွဲက ဝိုင်းမော်မြို့ နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်နယ်မြေရှိ “လပြည့်ဝန်း” လူမှုကူညီရေးအသင်းရုံး၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးစန်းနိုင်က ၎င်း၏ အငြိမ်းစား ပင်စင်လစာငွေနှင့် မြို့နယ်သမဝါယမ အသင်းစုမှ ရရှိသည့် လစာငွေတို့ဖြင့် လစဉ်မိမိ၏ အသင်းသား/သူများအား အခြေခံ စား‌​သောက်ကုန်များ ထောက်ပံ့ ပေးအပ်လှူဒါန်းလျက်ရှိရာမှ ကိုဗစ်ကာလအခက်အခဲများ​ကြောင့် အသင်းရုံး တည်ဆောက်နေသည့် ကာလ (၇) လခန့်မှာ ထောက်ပံ့ ပေးအပ်လှူဒါန်း နိုင်မှုမရှိခဲ့၍ ယခုမိမိအသင်းသား/ သူများအားအခြေခံစား‌​သောက်ကုန်များ ထောက်ပံ့ပေးအပ်နိုင်ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်"လပြည့်ဝန်း" လူမှု​ရေးအသင်း ဥက္ကဋ္ဌမှ (၃၄) ကြိမ်မြောက်အဖြစ် အသင်းသား/သူများ (၈၄)ဦး အား ငွေကျပ် (၄) သိန်း ကျော်တန်ဖိုးရှိ စားဆီ(၂၅) ပိဿာ၊ ခရမ်းချဉ်သီး (၁၀၀)ပိဿာနှင့် ဂေါ်ဖီထုပ် (၁၀၀) ထုပ်အား ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

ဝိုင်းမော်(ပြန်/ဆက်)