ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွှေတောင်စု‌ ခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ

အင်္ဂပူ    မေ  ၂၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရွှေတောင်စုခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာ အုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြ ကျေးရွာရှိ ယာယီရှင်းလင်းဆောင်၌ ပြုလုပ်ခဲ့သည်။

‌ဦးစွာဧရာဝတီတိုင်းဒေသကြီးဝန် ကြီးချုပ်ဦးတင်မောင်ဝင်းမှ အမှာစကားပြောကြားရာတွင် ကျေးရွာအတွင်းသွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးနှင့် ကျောင်းနေအရွယ် ကလေးများကျောင်းအပ်နှံရေး စသည့်များ အားမှာကြားခဲ့သည်။ ထို့နောက်ဧရာဝတီတိုင်း‌ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးဦးနေထက်ရှိန်က စံပြကျေးရွာစီမံလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက်သမဝါ ယမဦးစီးဌာန မှရွှေတောင်စု‌‌ ခေတ်မီစံပြကျေးရွာရှိ(ရွှေလဝင်း)သမအသင်းအတွက်ထောက်ပံ့ သည်လယ် ထွန်စက်အားတိုင်းဒေသကြီး ဝန်ကြီးချုပ်မှပေးအပ်ရာ(ရွှေလဝင်း) သမအသင်းဥက္ကဋ္ဌ ဦး‌ဇော်ဝင်းမှလက် ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်မီး သတ်ဦးစီးဌာနမှကျေးရွာ အရန်မီး သတ်တပ်ဖွဲ့ဝင်များအတွက်ထောက် ပံ့သည့်မီးသတ်ဝတ်စုံများကိုလုံခြုံ ရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်မှပေးအပ်ရာ ကျေးရွာအရန် မီးသတ်တပ်ဖွဲ့တပ်ခွဲမှူးမှ လည်ကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးတင်မောင်ထွေးမှ မီးသတ်ဝတ်စုံများကို ပေးအပ်ရာ ကျေးရွာအရန်မီးသတ် တပ်ဖွဲ့တပ်စုမှူး တို့မှလည်ကောင်း အသီးသီးလက်ခံရယူခဲ့သည်။

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ ကျေးရွာပြည်သူများ တက်ရောက် ခဲ့ကြောင်းနှင့် သမဝါယမဦးစီးဌာနမှ ရွှေတောင်စုခေတ်မီစံပြကျေးရွာမှ ရွှေလမင်း သမအ သင်းအတွက် တန်ဖိုး(၁၇၀.၉၆၃) သိန်းတန်ဖိုးရှိ (Daedong DS -4510) အမျိုးစား ထွန်စက် တစ်စီးနှင့်‌ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့အတွက်မြို့ နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝတ်စုံ (၁၅)စုံတို့အားထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)