အုတ်တွင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ကြည့်ရှုအားပေး

အုတ်တွင်း မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနေ တောင်သူ ဦးသန်းနိုင်၏ လယ်မြေ၌ နွေစပါးစံကွက် ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီခွဲ အချိန်က အဆိုပါကျေးရွာတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးဆင်းသုခစိုက်ဧက (၃၀) ဧကရှိပြီး တစ်ဧကလျှင် အထွက်တိုး (၁၀၈) တင်းထွက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဦးလှမျိုးရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကတက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မိုးနေကြာစိုက်ပျိုးမည့် တောင်သူ (၅) ဦးအတွက်ဆင်း ရွှေကြာ-၂ နေကြာမျိုးစေ့ကို တစ်ဦးလျှင် လေးပြည်နှုန်းဖြင့် တာဝန်ရှိသူအသီးသီးက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အုတ်တွင်းမြို့နယ်တွင် မိုးနေကြာစိုက်ပျိုးမည့် ဧက (၂၅) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ဆန်းဦးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)