စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုမြို့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပ

သက်ရှိအားလုံးအပေါ် မေတ္တာတရားအခြေပြု၍ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံရှိ ကျုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မုံရွာတွင် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ်ကျော်စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အမတ်များအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ယာယီနေရပ်စွန့်ခွာပြည်သူများ ကသာမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်

ကသာမြို့အတွင်းမှ အခြားအရပ်ဒေသများသို့ ယာယီနေရပ်စွန့်ခွာသွားကြသော ပြည်သူများအနေဖြင့် ဧပြီလ (၆) ရက်နေ့မှစ၍ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လျက်ရှိရာ လုံခြုံရေးတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

စစ်ကိုင်းမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်အတွင်း ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့၌ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၊ သနပ်ခါးသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၅ နာရီ နာရီက စစ်ကိုင်းမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အတက်နေ့) ညနေ (၄)နာရီအချိန်က ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ရန်ကြီးအောင်ပန်းခြံရှေ့ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီ ၁၆ ရက်၊ သင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်ကျင်းပသည့် ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေမဏ္ဍပ်၊ လျှပ်စစ်/စွမ်းအင်/လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ချင်းတွင်းပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်များသို့ သွားရောက်၍ ဌာနဆိုင်ရာမဏ္ဍက်များရှိ ယိမ်းလှပျို ဖြူလေးများနှင့် နိုင်ငံကျော်အဆိုတော်များ၏  တေးသီချင်းများဖြင့် သီဆိုကပြဖျော်‌ဖြေမှု မြို့နေပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးကြသည်။

စစ်ကိုင်းမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ပြည်သူများ ဆင်နွှဲ

စစ်ကိုင်းမြို့တွင် မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်များကို ယနေ့နံနက် ၈ နာရီက စတင်၍ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး သင်္ကြန်အကြတ်နေ့ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်ရှိ မြို့နေပြည်သူများ ရေကစားနေမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်သည့်နေရာသို့ သွားရောက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး