စစ်ကိုင်းတိုင်းဒေသကြီး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင် ချောင်းဦးမြို့ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံမိတ်ဆက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အနော်ရထာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်မှ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားသည်။

ကျွန်းလှမြို့နယ်၌ နွေရာသီစိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို ချောင်းရေ၊ မြေအောက်ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ယခုနှစ်နွေရာသီစိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျွန်းလှမြို့နယ်၌ နွေရာသီစိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို ချောင်းရေ၊ မြေအောက်ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ယခုနှစ်နွေရာသီစိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကန့်ဘလူမြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်း အန္တရာယ်ကင်းရှင်းစေရေး ပရိတ်တော်များ မြို့တစ်ပတ်ရွတ်ဖတ်ပူဇော်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၁၃၈၈ ခုနှစ် နှစ်သစ်အခါသမယ နှစ်ဆန်း တစ်ရက်နေ့သည် မြန်မာတို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်နှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းကို မြို့ပေါ်ရပ်ကွက်များအတွင်း ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်မြို့၌ မြန်မာသက္ကရာဇ်(၁၃၈၈)ခုနှစ်၊ မြန်မာ့နှစ်ဆန်း(၂)ရက်နေ့ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြန်မာ့နှစ်ဆန်းနှစ်ရက်နေ့တွင် မြို့ပေါ်ရှိသံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်နံနက်(၁၀)နာရီအချိန်က ကြောင်ပန်းဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။

ခန္တီးမြို့တွင် နှစ်ဦးအကြို ဓမ္မသဘင်ပွဲကျင်းပ

သာသနာတော်နှစ် ၂၅၆၉ ခုနှစ်ကောဇာ သက္ကရာဇ် ၁၃၈၈ခု နှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်တွင် ယမန်နေ့ည ၇ နာရီအချိန်က နှစ်ဦးအကြို ဓမ္မသဘင်ပွဲကျင်းပသည်။

ခန္တီးမြို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဧပြီလ ၁၇ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝးခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက ပြုလုပ်ခဲ့သည်။

မုံရွာမြို့ ရွှေစည်းခုံစေတီတော်ကြီးနှင့် တန်ခိုးကြီးဘုရားများတွင် ကုသိုလ်ပြုကြသူများ စည်ကား

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပပြီးစီးပြီးနောက် နှစ်သစ်ကူး သည့် မြန်မာနှစ်ဆန်း ၁ ရက်‌နေ့ ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော်ကြီးနှင့် တန်ခိုးကြီး ဘုရားများတွင် ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

မော်လိုက်မြို့၌ မြန်မာ့နှစ်ဆန်း(၁)ရက်နေ့အန္တရာယ်ကင်း ပရိတ်တရားတော်များ မြို့တွင်းလှည့်လည် ပူဇော်

စစ်ကိုင်းတိုင်းဒေသကြီး    မော်လိုက်မြို့၌ ဘေးရန်အန္တရာယ်အပေါင်းကင်းဝေးစေရန် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီ ၁၇ ရက် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မွန်းလွှဲ(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်သည်။ 

ရွှေဘိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ​အကျဉ်းသား/အကျဉ်းသူ (၂၆)ဦး လွတ်ငြိမ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၄၀/၂၀၂၆)၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့်  ​ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား ၂၀ ၊ အကျဉ်းသူ ၆ ဦး၊ ပေါင်း ၂၆ ဦးတို့အား ယနေ့ နံနက် ၁၀ နာရီက လွတ်ငြိမ်းခွင့်ပြုပေးခဲ့​ကြောင်းသိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး