စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ ၈ ရက်နေ့က သက်ဆိုင်ရာကျေးရွာစုရပ်များ၌ ကျင်းပခဲ့သည်။

MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း နည်းပြသင်တန်းနှင့်စက်ကိုင်သင်တန်း ဖွင့်လှစ်

ကသာမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း နည်းပြသင်တန်းနှင့် စက်ကိုင်သင်တန်းတို့ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။

မုံရွာ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၂) မောင်မယ်သစ်လွင်ကြိုဆို  

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP)အမှတ်စဉ်(၂) မောင်မယ်သစ်လွင်ကြိုဆို ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ပဉ္စဗလ ဘက်စုံခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်သည်။

ကန့်ဘလူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ရပ်ကွက်/ ကျေးရွာများအလိုက် ဆက်လက်ကပ်ထား ကြေညာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏မဲစာရင်းများကို ရပ်ကွက်/ ကျေးရွာများ အလိုက် ပထမအကြိမ်ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်တွင်ကျင်းပပြုလုပ်သည့် သီတင်းကျွတ်ပွဲတော်သို့ သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၇ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက် မြေဧက ၃၂ ဧကကျော်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်ပွဲတော်သို့ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဝန်ကြီးဌာနများ၊ မုံရွာမြို့ပေါ်ရှိ ဆန်/ဆီကုန်သည်ကြီးများအသင်းများ၊ ပုဂ္ဂလိကဘဏ်/ဆေးရုံ/ ကိုယ်ပိုင် ကျောင်းများနှင့် ကုန်စည်ဒိုင်များမှ သီတင်းကျွတ်ပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများအား စတုဒီသာမဏ္ဍပ် ၁၇ ခုမှ စားသောက်ဖွယ်ရာများ ကျွေးမွေးဧည့်ခံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး ၃၄၀၉၉ ဧကစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးစပါး ၃၄၀၉၉ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မဟာရွှေစည်ကြီး စေတီတော်၌ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာ ၇ ရက်)တွင်လည်း ကန့်ဘလူမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် ဆရာတော်ကြီးများထံတော်မှ ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စသည့်ကောင်းမှု ကုသိုလ်များပြုလုပ်ခဲ့ကြသည်။

တမူးမြို့တွင် သီတင်းကျွတ်လပြည့်‌နေ့၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲနှင့် သီတင်းကျွတ်မီးထွန်းပွဲတော် အခမ်းအနား တက်ရောက် 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် အဆိုပါပြည်သူ့ဥယျဉ် မုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မုံရွာမြို့ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ပင်ဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံ‌စေတီတော်မြတ်ကြီးနှင့် အခြားသောတန်ခိုးကြီးဘုရားစေတီများတွင် အောက်တိုဘာလ ၆ ရက်နေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့်လည်းကောင်း၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းအနီးအနောက်ဘက်ကန်သာယာနှင့် အရှေ့ဘက်ကန်သာယာတို့ရှိ ပြည်ထောင်စုရင်ပြင်၊ လွတ်လပ်ရေးရင်ပြင် တို့အပြင် ကျောက္ကာလမ်းအနီးရှိ ပြည်သူ့ဥယျာဥ်တို့တွင် အများပြည်သူ အပန်းဖြေလာရောက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး