သဲကုန်း နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်နိုင်ရန် ရည်ရွယ်၍ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်၍ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုအခြေအနေများ၊ လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထားရှိမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများထားရှိမှု၊ မီးငြိမ်းသတ်ရေးအတွက် ရေရှိရေးဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် အချက်များ၊ မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်နှင့် လက်တွေ့မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မီးသတ်ယာဥ်များဖြင့် လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)