ပြည်တက္ကသိုလ်တည်ထောင်ခြင်း (၂၆) နှစ်ပြည့်အထိမ်းအမှတ် သုတေသနညီလာခံ (၂၀၂၅) "သမိုင်း၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးဆိုင်ရာ ဘက်စုံအမြင်" အခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ (၂၆)နှစ်ပြည့်အထိမ်းအမှတ် သုတေသနညီလာခံ (၂၀၂၅) "သမိုင်း၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးဆိုင်ရာ ဘက်စုံအမြင်" အခမ်းအနားကို သုတေသနစာတမ်းဖတ်ပွဲများ၊ ပိုစတာပြိုင်ပွဲများ၊ အရောင်းပြခန်းများ၊ အနုပညာ ဖျော်ဖြေပွဲများနှင့် အမှတ်တရညစာစားပွဲတို့ဖြင့် ယမန်နေ့နံနက်ပိုင်းကစ၍ နိုဝင်ဘာ ၁၁ရက်နေ့အထိ နှစ်ရက်ကြာစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။