ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ် မြန်မာ့စီးပွား​​ရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇန်နဝါရီလ (၂၁)ရက်နေ့ စတင်ထုတ်ပေးလျက်ရှိရာ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ပင်စင်လစာငွေများကို ဆက်လက် ထုတ်ပေးသွားမည်ဖြစ်သည်။

သဲကုန်းမြို့နယ်တွင် အကြမ်းဖက်မှုကြိုတင်ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ ပေါင်းတည်မြို့ အရှေ့လမ်း အ-မ-က၌ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ပြည်ထောင်စုနေ့ဖြစ်‌ပေါ်လာပုံနှင့် စည်းလုံးညီညွတ်မှုအကျိုးရလဒ်များကို သိရှိနားလည်နိုင်‌စေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လယ် ၁ နာရီက ပေါင်းတည်မြို့နယ်၊ အရှေ့လမ်း အခြေခံပညာမူလတန်းကျောင်းတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်​ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် တစ်နိုင်တစ်ပိုင် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် မိသားစုစားဝတ်နေရေး ပြေလည်စေရန်၊ ဒေသဝမ်းစာဖူလုံစေရန်အပြင် စားရေရိက္ခာများဖူလုံစေရန်အတွက် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုနေ့စဥ်အပိုဝင်ငွေရရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား ကြည့်ရှုအားပေး

ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုနှင့် မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှုတို့အား ဇန်နဝါရီ၂၅ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်လွင်နှင့် ဦးခင်မောင်ကြီးတို့ သွားရောက်ကြည့်ရှုအားပေးသည်။

ထန်းတပင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းကာ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီဆိုင်များ ဆန်စက်များနှင့် အိမ်ဆိုင်များကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၉)ကြိမ်မြောက် မဟာအင်ဂျင်နီယာဘွဲ့နှင့် အကြိမ်(၂၀)မြောက် အင်ဂျင်နီယာဘွဲ့၊ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၉) ကြိမ်မြောက် မဟာအင်ဂျင်နီယာဘွဲ့နှင့်အကြိမ်(၂၀)မြောက် အင်ဂျင်နီယာဘွဲ့၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ် (​တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ပန်းတောင်းမြို့နယ် ထုံးဘိုတိုက်နယ်ဆေးရုံတွင် ပြည်မြို့အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံတွင် ပြည်မြို့ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာကေသီဝင်းမောင် ခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ ဆီထုတ် စာအုပ် ကတ်များဖြင့်စနစ်တကျ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရပ်ရွာပြည်သူများသည် ဆီထုတ်စာအုပ်ဖြင့်လည်း‌ကောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ဆီထုတ်ကတ်ပြားများဖြင့်လည်းကောင်း စားအုန်းဆီများကို ကိုယ်စားလှယ်ဆိုင်များမှ ဝယ်ယူနိုင်ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး