သဲကုန်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်အောင်က ကျောင်းသား/ ကျောင်းသူများနှင့် ကလေးသူများငယ်အပေါ်တွင် ဖြစ်ပွားကျူးလွန်နေသော အကြမ်းဖက်မှုအကြောင်းအရာများ၊ ကျား/မရေးရာအကြမ်းဖက်မှုအမျိုးအစားများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အကြမ်းဖက်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်း၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု၏ အကျိုးဆက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)