ပဲခူးတိုင်းဒေသကြီး

လက်ပံတန်းမြို့နယ်အတွင်းရှိ မဲရုံတွင်တာဝန်ကြသည့် ပညာရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲစတင်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မဲရုံတွင်တာဝန်ကြမည့် ပညာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး၌ ကြိုတင်ဆန္ဒမဲ စတင်ပေးခဲ့သည်။

တောင်ငူမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေးနှံ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ၊ ဆရာ၊ဆရာမများကြိုတင်ဆန္ဒမဲပေးနှံကြသည်။

နတ်တလင်းမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲစတင်ပေးနှံ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့၊ နတ်တလင်းမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းနှင့် အ.ထ.က(နတ်တလင်း)တို့၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲစတင်ပေးနှံသည်။

ရွှေတောင်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့ကိုင်တွယ် အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်ခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့သည်။

မိုးညိုမြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲ‌ပေးစက်၊ စက်ကိုင်များအား (မွမ်းမံ) လေ့ကျင့်ခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် စက်ကိုင်များအား (မွမ်းမံ)လေ့ကျင့်ခြင်းကို ယနေ့နံက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ အားကစားရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ‌

သာယာဝတီမြို့နယ်အတွင်းရှိ မဲရုံတွင်တာဝန်ကြသည့် ပညာရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲစတင်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မဲရုံတွင်တာဝန်ကြမည့် ပညာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက ကြိုတင်ဆန္ဒမဲ စတင်ပေးနှံသည်။

အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် G-5 နှင့်အလယ်တန်းအဆင့် G-9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း အဆင့် G-5 နှင့် အလယ်တန်းအဆင့် G-9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း(အုတ်တွင်း) ကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးစက်၊ စက်ကိုင်များအား မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ​အပိုင်း (၁) ​အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးကြပ်၍ မဲပေးစက်၊ စက်ကိုင်များအား မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ကေတုရတနာခန်းမနှင့် အ.ထ.က (၄) ကျောင်းတို့၌ မွမ်းမံသင်တန်းဖွင့်လှစ်သည်။

သာယာဝတီမြို့တွင် မဲရုံတာဝန်ကျ ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မဲရုံတာဝန်ကျ ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ယနေ့မှစ၍ လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်ခန့်က တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  ကြိုတင်ဆန္ဒမဲပေးကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး