သဲကုန်းမြို့နယ်၌ ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များဖြစ်နိုင်ရေးအတွက် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။