ပဲခူးမြို့ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား၌ စိုက်ပျိုး/မွေးမြူရေး ပြပွဲပြခန်းများနှင့် MSMEs ဒေသထွက်ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကဏ္ဍစုံလင်စွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအနီး၌ မတ်လ ၁ ရက်မှ ၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနား၌ အများပြည်သူကြည့်ရှုလေ့လာနိုင်ရန် စိုက်ပျိုး/ မွေးမြူရေးပြပွဲပြခန်းများနှင့် MSMEs ဒေသထွက်ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကဏ္ဍစုံလင်စွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။