ညောင်လေးပင် ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ကတ်များကို ယနေ့နံနက် (၉) နာရီခွဲအချိန်မှစတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ (၁၀၅) ဦးရှိပြီး (STEAMS-1) ဘာသာရပ်တွင် ကျား (၁၅၆) ဦး၊ မ (၂၄၃) ဦး၊ (STEAMS-2) ဘာသာရပ်တွင် ကျား (၂၃၃) ဦး၊ မ (၃၁၂) ဦး၊ (STAMS-1) ဘာသာရပ်တွင် ကျား (၃၅) ဦး၊ မ (၆၅) ဦး စုစုပေါင်း (၁၀၉၅) ဦးအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပေးခဲ့ပြီး အဆိုပါ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှ စတင်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ကျောင်းတွင်းဖြေဆိုသူ (၁၀၄၄) ဦး၊ အပြင်ဖြေဆိုသူ (၅၁) ဦး စုစုပေါင်းဖြေဆိုသူ (၁၀၉၅) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနနှင့် အ.ထ.က (၂) ပြွန်တန်ဆာ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတို့တွင် စာစစ်ဌာန (၂) ခုဖွင့်လှစ်ပြီး ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)