သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်(၉)နာရီအချိန်က သက်ဆိုင်ရာစာစစ်ဌာနများ၌ စတင်ထုတ်ပေးလျက်ရှိသည်။