သဲကုန်းမြို့နယ်၌ ကိုယ်ကာယကျန်းမာကြံခိုင်စေရန် အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဖွင့်လှစ်
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်၊ ကျန်းမာ၊ ကြံ့ခိုင်သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံအေရိုးဗစ် (fitness dance) သင်တန်းဖွင့်လှစ်ခဲ့သည်။