ပေါင်းတည် မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီက ပေါ်တော်မူဓမ္မာရုံကျောင်းတွင် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ပေါ်တော်မူဓမ္မာရုံကျောင်းဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းဖွံ့ဖြိုးရေးအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော မိဘပြည်သူများ သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ပထမဦးစွာ နမောတဿသုံးကြိမ်ရှိခိုး၍ ပေါ်တော်မူကျောင်းဆရာတော်က ငါးပါးသီလချီးမြှင့်၍ သင်တန်းဆင်းသြဝါဒမိန့်ကြားသည်။
ဆက်လက်၍ ထူးချွန်သင်တန်းသားများအား တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဆုရသင်တန်းသားများက အင်္ဂလိပ်စကားပြော စွမ်းရည်ပြသကြသည်။
ထိုသင်တန်းကို ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား ကျောင်းသား၊ ကျောင်းသူ ၆၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား