ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့နယ်၌ ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄)ခုဖြစ်သည့် အထက (၂)၊ အထက (၄)၊ အထက (၄ မိုင်) နှင့် အထက (နတ်စင်ကုန်း)တို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။

ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ (၁၇) ရက်‌နေ့တွင် နိုင်ငံတစ်ဝှမ်း၌ မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် လာရောက်ဖြေဆိုသူ (၉၄.၀၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်ခေါင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အ.ထ.က (ခွဲ) အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း နွေရာသီအင်္ဂလိပ်စာ (Grammer) သင်တန်းတွင် အသိပညာ‌ပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်သည်။

ရွှေတောင်မြို့နယ်တွင် Grade -12 တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုရာသို့ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် Grade -12 တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုရာ စာစစ်ဌာနများသို့ ယနေ့နံနက် ပိုင်းကတာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (ပေါက်ခေါင်း) စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိသည်။

နတ်တလင်းမြို့၌ သန့်ရှင်းသော ကမ္ဘာမြေကြီးဖြစ်ဖို့ စနစ်တကျအမှိုက်စွန့်ပစ်စို့ ခေါင်းစဥ်ဖြင့် ဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ သာယာဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်းသော ကမ္ဘာမြေကြီးဖြစ်ဖို့ စနစ်တကျအမှိုက်စွန့်ပစ်စို့ ခေါင်းစဥ်ဖြင့်ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မြို့မစည်ပင်သာယာစျေး၌ ဆောင်ရွက်ခဲ့သည်။

လက်ပံတန်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲများ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို စာစစ်ဌာန (၄) ခု၌ ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ​ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး