ဒိုက်ဦး မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပရာ ဒိုက်ဦးမြို့တွင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန ၂ ခုခွဲ၍ ဖြေဆိုကြသည်။
အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ၃၅၆ ဦး (၉၅.၉၆) ရာခိုင်နှုန်း၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ၂၃၁ ဦး (၉၂.၇၇) ရာခိုင်နှုန်းရှိသဖြင့် စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ၅၈၇ ဦး (၉၄.၆၈) ရာခိုင်နှုန်းက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)