နတ်တလင်း မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာရုံးအဆောက်အဦးများ မီးလောင်ဆုံးရှုံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုတွင် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဦးလတ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများ၌ မီးသုံးစွဲမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် ရေပုံး၊ ရေကန်၊ သဲ၊ မီးချိတ်၊ မီးကပ်များ ညွှန်ကြားချက်နှင့်အညီ ထားရှိခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းမှုစနစ်တကျရှိရေး၊ မီးလောင်လွယ်သော အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်ရန်၊ မီးသတ်ဆေးဗူးများ စနစ်တကျသုံးစွဲတတ်စေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့် အစီအမံများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)