ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့နယ်၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ယမန်နေ့ ညနေ့ပိုင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူး တရားအလှူတော် ပထမညဓမ္မသဘင် ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ကို မြန်မာနှစ်ဆန်း(၁)ရက်၊ ယမန်နေ့ ယမန်နေ့ည(၇)နာရီအချိန်တွင် ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ တရားနာပရိတ်သတ်များ နာယူကြည်ညိုကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျဥ်းစခန်းအသီးသီးမှ အကျဥ်းသား၊ အကျဥ်းသူ (၄၈၇) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်အခါသမ အထမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့် အကျဥ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား/အကျဥ်းသူ (၄၈၉၃) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ယနေ့မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျဥ်းထောင်/အချုပ်ထောင်အသီးသီးမှ အကျဥ်းသား/အကျဥ်းသူ (၄၈၇) ဦး ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။

တောင်ငူအကျဥ်းထောင်မှ  အကျဥ်းသားအကျဥ်းသူ(၆၇)ဦး၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညာသောအားဖြင့်လည်းကောင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုလျက်ရှိရာ ယနေ့နံနက် (၁၀:၄၅)နာရီအချိန်တွင်  တောင်ငူအကျဥ်းထောင်နှင့် လေးမိုင်ကုန်ထုတ်စခန်းမှ အကျဥ်းသားအကျဥ်းသူ (၆၇)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြည်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈၀ ဦး လွတ်ငြိမ်းခွင့်ပြု

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်အကျဉ်းထောင်မှ အကျဉ်းသား ၆၈ဦး၊ အကျဉ်းသူ ၁၂ ဦး စုစုပေါင်း ၈၀ ဦးအား ၎င်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ နိုင်ငံတော်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။

ကျောက်တံခါးမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ဥပုသ်သီလခံယူဆောက်တည်သူများ၊ အလှူဒါနပြုကြသူများပြား

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်နှင့် ရပ်ကွက်ဓမ္မာရုံတို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများ ဥပုသ်သီလခံယူဆောက်တည်သူများ၊ အဟာရဒါနကုသိုလ်ပြုလုပ်သူများပြားလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

အုတ်တွင်းမြို့နယ် မဟာသင်္ကြန်ပွဲ​​တော်ကာလတွင်​မြန်မာ့ရိုးရာအစဉ်အလာမပျက် ရေကစား၍ စတုဒီသာများဖြင့်ကုသိုလ်ပြု

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ကို  ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ဧပြီလ ၁၆ ရက်သင်္ကြန်အတက်နေ့ထိ ရပ်ကွက်၊ ကျေးရွာများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလစောင့်တည်သူ၊ တရားထိုင်သူ၊ ကုသိုလ်ပြုသူများရှိပြီးမုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ အချိုရည်၊ မုန့်ဟင်းခါးတို့ဖြင့် စတုဒိသာကုသိုလ်ပြုလှူဒါန်း၍ အေးချမ်းစွာရေပက်ရေကစားကြကြောင်း သိရပါသည်။

ပေါင်းတည်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့တွင် သက်ကြီးပူဇော်ပွဲ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် စတုဒိသာများကျွေးမွေးလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  ပေါင်းတည်မြို့နယ်တွင် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ယမန်နေ့၌   ဥပုသ်သီတင်းသီလဆောက်တည်ကြခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများက သက်ကြီးပူဇော်ပွဲပြုလုပ်ခြင်း၊ ဇီဝီတဒါန ငါးလွှတ်ပွဲနှင့်စတုဒိသာ​ကျွေးမွေးလှူဒါန့်းခြင်းများကို ပြုလုပ်ဆောင်ရွက်ကြပြီး လူငယ်လူရွယ်များကရပ်ကွက်များရှိ လမ်းအသီးသီးတို့တွင် အေးချမ်းစွာ ရေပက်ကစားကြသည်။

မိုးညိုမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့တွင် စတုဒိသာကျွေးမွေးခြင်းဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြန်မာတို့၏ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုး ကုသိုလ်ပြုလျက်ရှိကြရာ မဟာသင်္ကြန်အတက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အစဥ်အလာမပျက်ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ယနေ့နံနက်ပိုင်းက ဇောတိကရပ်ကွက်၊ ပန်းစံပါယ်လမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး