သာယာဝတီ ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု၊ ကွင်းအမှတ် (၁၂၅၀)၊ ဦးပိုင်အမှတ် ၅၃/၂ရှိ ဒေါ်ကြူကြူဝင်း၏ နွေစပါးဆင်းသုခစပါးမျိုး ၁၀ ဧက စိုက်ခင်းတွင် ယမန်နေ့က နွေစပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့သည်။
နွေစပါး စံကွက်ရိတ်သိမ်းရာနေရာသို့ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သင်တောရိုးကျေးရွာရှိတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ခရိုင်ပြန်/ဆက်)