မိုးညို ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ဖွင့်လှစ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးက ကျေးလက်နေပြည်သူများ အတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို အဓိကကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းပို့ချပေးမည့်အစီအစဉ်နှင့် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို သင်ကြားရေး ဆရာ/ဆရာမများက ဇွန်လ ၁၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၁၄ ရက်ကြာ သင်တန်းပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား ၁၃ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)