ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်၌ ဘုရားဖူးရင်းပွဲဈေးလည်ပတ်ကြသူများ အထူးစည်ကား

ပြည် အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၈ရက်က စတင်ကျင်းပလျက်ရှိရာ စေတီတော်ရင်ပြင်နှင့် ပွဲဈေးတန်းများတစ်လျှောက်တွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရင်းပွဲဈေးလာ‌ရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်၌ ပျော်ပွဲရွှင်ပွဲများ၊ ကစားကွင်းများနှင့် မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲများပါဝင်ကာ  ဒေသထွက်ကုန်ပစ္စည်းနှင့် ရိုးရာအစားအစာများအပါအဝင် အသုံးအဆောင်ပစ္စည်းများ လာရောက်ရောင်းချသည့် ပွဲဈေးဆိုင်တန်းများဖြင့် အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး ပွဲတော်ကို အောက်တိုဘာ ၂၈ရက်မှ နိုဝင်ဘာ ၆ရက်အထိ ၁၀ရက်တိုင်ကျင်းပမည်ဖြစ်သည်။

ကိုဆက်(ပြန်/ဆက်)