ပန်းတောင်းမြို့နယ်တွင် အ.ထ.က (ပန်းတောင်း) ကျောင်း၏ (၆၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပ

ပန်းတောင်း  အောက်တိုဘာ  ၃၀

မြန်မာတို့၏ ဓလေ့ထုံးတမ်းပွဲတော်များအနက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်း နှစ်စဥ်လှည့်လည်ကျင်းပလေ့ရှိသည့် ကထိန်ပွဲတော်ကြီးကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယနေ့နံနက်(၈)နာရီအချိန်က အ.ထ.က (ပန်းတောင်း)ကျောင်းမှ (၆၄) ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်တွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ အလှူငွေကျပ် (၆၄၄၀၀၀၀ိ/-)ကျပ်၊ ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပဒေဿာပင်လှူဒါန်းမှု ကျပ်(၂၄၅၀၀၀ိ/-)ကျပ်၊ အတန်းအလိုက်ပဒေဿာပင် ငွေသားတန်ဖိုး ကျပ်(၂၂၇၅၉၀၀ိ/-)ကျပ်၊ အတန်းအလိုက်ပဒေဿာပင်ပစ္စည်းတန်ဖိုး ကျပ် (၁၂၀၄၆၅၀ိ/-)ကျပ် စုစုပေါင်း လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ ကျပ်(၁၀၁၆၅၅၅၀ိ/-) သိန်းကို နန်းဦးကျောင်းတိုက်သို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်း စုပေါင်းဘုံကထိန်ပွဲကြီးကို အ.ထ.က (ပန်းတောင်း)ကျောင်းတွင်းစုရပ်ပြုလုပ်ကာ နန်းဦးကျောင်းတိုက်အထိ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား‌၊ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြခဲ့ ကြပြီး ဒေသခံပြည်သူများကလည်း လမ်းမကြီးတစ်လျှောက်‌ဘေးဝဲယာတို့တွင် ကြိတ်ကြိတ်တိုးကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)