ငါးသိုင်းချောင်း ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာမူလတန်းကျောင်း ရှမ်းတန်း (၉၀ပေ×၃၀ပေ) PL6’ RC တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈) နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ အ.မ.ကရှမ်းတန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာ ကျောင်းဆောင်သစ်အား ရေကြည်မြို့နယ် ဒုမြို့နယ်ဦးစီးမှူးဦးမောင်ရွှေအေး၊ ဒုမြို့နယ် ပညာရေးမှူးဦးသိန်းအောင်၊ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ကျော်၊ ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးရဲထက်အောင်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာလိုအပ် သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)