အင်္ဂပူမြို့နယ်တွင်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  Drum Seederဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

အင်္ဂပူ၊ ဇွန်  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊‌ အောက်ရွာကြီး‌ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ယ‌နေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ခုနှစ်မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး အတွက် Drum Seeder ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့သည်။

Drum Seeder ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကိုကြို့ကုန်းကျေးရွာ ရှိတောင်သူ‌ဒေါ်အေးကြည်၏ ကွင်းအမှတ် ၇၅၉၊ ဦးပိုင်-၁၀၂ရှိ မြေဧရိယာ(၄)ဧကတွင်ပြုလုပ်ခဲ့ရာမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ Drum Seeder ဖြင့်စိုက်ပျိုးရာသို့ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မား ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊‌မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)