ဘိုကလေး ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပဆောင်ရွက်သည်။
စကားဝိုင်းသို့ မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော်၊ ဒုတိယပညာရေးမှူး ဦးရဲနိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်စန်းအေး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ အင်အား(၃၀၀)ခန့် တက်ရောက်ကြပြီးစကားဝိုင်းတွင် မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော်က အဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို လည်းကောင်းအသီးသီး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ ဒုတိယပညာရေးမှူး ဦးရဲနိုင်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၄)ဦးတို့က “ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် AIနည်းပညာ” ခေါင်းစဉ်များဖြင့် လူငယ်များ အသိအမြင်တိုးပွားဖွယ်ရာများအား မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးကြပြီး စကားဝိုင်းတက်ရောက်လာကြသည့် ကျောင်းသား/သူများကလည်း သိလိုသည်များကိုမေးမြန်းဆွေးနွေးရာသက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားရှင်းလင်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်းတို့ဆောင်ရွက်သည်။
စကားဝိုင်းအပြီးတွင် ကျောင်းသား/သူများအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်စန်းအေးက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သုတ၊ရသစုံ စာအုပ်စာစောင်များ၊ ကဏ္ဍစုံ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းချိတ်ဆွဲ ပြသခြင်း၊ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)