ဖျာပုံမြို့နယ်၌ အမှိုက် (၄) မျိုး ခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ စျေးများနှင့် ဌာနဆိုင်ရာရုံးများတွင် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရန်ရည်ရွယ်၍ အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် လိုက်လံအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်ကြသည်။