ဧရာဝတီတိုင်းဒေသကြီး

ကျိုက်လတ်၌ စားသုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ပေါ်ရပ်ကွက်များ နှင့်မြို့မ ဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အ‌ရောက် ဆက်လက်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့လည်ကျောင်းတိုက် တန်ဆောင်းတော်ကြီး၌ သက်သာသောဈေးနှုန်းဖြင့်  ပြည်သူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ‌ညောင်တုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၉၀၅)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျေးရွာအုပ်စုအတွင်းရှိ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ ထုတ်ပေးနိုင်ရေး စိစစ်ခြင်းအား ယနေ့နံနက်က ဧရာသီရိသုခခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ဇီဖြူကုန်းကျေးရွာတွင် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူကျွဲ‌သောင်ကျေးရွာအုပ်စု၊ ဇီးဖြုကုန်းကျေး၊ ဘုန်ကြီး‌ကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ အဆောက်အဦတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ(၁၅၀ပေ× ၁၁၀ပေ)အဆောက်အဦတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအားကစားရုံဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပခဲ့ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက်  မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေး

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက  အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အိမ်မဲမြို့နယ် အ.မ.က(ကျောက်ဝိုင်း) တွင်စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကုန်းကျေးရွာ အ-မ-က (ကျောက်ဝိုင်း) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနတို့မှပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့်ဆေးကုသပေးခြင်းကို ယမန်နေ့မွန်းလွဲ  (၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား/သူများအား စာအုပ်၊ စာစောင်များ သွား‌ရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက ခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင်‌စေရေး ရည်ရွယ်၍ Mobile Libraryစနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ဓနုဖြူမြို့နယ်၌မြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အကျော်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး