ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တပ်ဖွဲ့နေ့ အခမ်းအနားနေ့အခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ 

ဒေးဒရဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် မဲစာရင်းပါရှိရေး၊ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုများတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်းကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဖျားကျေးရွာ၊ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်းတိုက်တွင် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြူလုပ်ခဲ့ရာ အခမ်းအနားသိူ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း Digital Platform အသုံးပြု စားသုံးဆီ ဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြောင်းမြမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲစာရင်းများထုတ်ပြန်ထားမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်မြို့ပေါ်ရပ်ကွက်များ၌ မဲစာရင်းများထုတ်ပြန်ထားရှိမှုအခြေအနေများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ပုသိမ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ  ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒိုင်းကြီး၊ ပုသိမ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအ​​​ထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား မြို့ပေါ်ရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာ လျက်ရှိသည်။

သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်း လေပြင်းတိုက်ခတ်၍ နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် စက်တင်ဘာလ ၂၆ ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ရသည့် နေအိမ် (၁) လုံးရှိ မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၁၁ နာရီက ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်ခဲ့သည်။

ကြံခင်းမြို့နယ်၌ ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် စားသုံးဆီများသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ရောက်ရှိနေကြသော နေရပ်စွန့်ခွာပြည်သူများအား အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းနှင့် စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ‌ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို  အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် အလှူငွေများ ပေးအပ်လှူဒါန်း

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှအလှူငွေများပေးအပ်လှူဒါန်းခြင်းကို မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တို့မှ မအူပင်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက  အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းပေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး