ဇလွန်မြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံငွေများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရေးရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။