ကျုံပျော်မြို့ ပါမောက္ခ ဦးအေးမောင်လမ်းအား တစ်လမ်းမောင်းစနစ်အဖြစ် စတင်ပညာပေးဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့တွင် ယာဉ်ကြောကြပ်တည်းမှု အန္တရာယ် ဖြေလျှော့နိုင်ရေးအတွက် မြဝတီရပ်ကွက်ရှိ ပါမောက္ခ ဦးအေးမောင်လမ်းအား တစ်လမ်းမောင်းစနစ်အဖြစ် စတင်ပညာပေးဆောင်ရွက်ခြင်းကို မတ်လ ၉ ရက်နံနက်က တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။