ကျောက်ဆည်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီက ၂၀၂၆ ခုနှစ်တွင်ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပသည်။