မြစ်သားမြို့နယ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကျောက်ဆည်တက္ကသိုလ်မှဆရာကြီး၊ ဆရာမကြီးများက သင်တန်းပို့ချ
မန္တလေးတိုင်းဒေသကြီး၊ ကျာက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ကျောက်ဆည်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက သင်တန်းပို့ချခြင်းကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁၂ နာရီက မြစ်သားမြို့ အနော်ရထာခန်းမနှင့် ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတို့၌ သင်တန်းပို့ချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။