မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သင်ကြားပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး စေတနာ့ဝန်ထမ်းများ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသင်တန်းဖွင့်လှစ်၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် နွေရာသီ အားကစားသင်တန်းများဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုလုံလေလုံခန်းမနှင့် အားကစားကွင်းကြီးတို့တွင် ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသားကျောင်းသူများ နွေရာသီကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျရေးဆွဲတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ် ၁၀ ရက်မှစတင်ကာ မဟာအောင်မြေမြို့နယ် (Community Centre)ခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက်၌ လူသစ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

အားကစားအဆင့်အတန်းမြင့်မားစေရန်နှင့် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ကာ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော် ဦးဆောင်မှူဖြင့် လူငယ်တန်းဖူဆယ်ဘောလုံး ပြိုင်ပွဲကို မတ်လ ၅ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဆုချီးမြှင်ပွဲအခမ်းအနားကို ဒေးဝန်အနောက်ရပ်ကွက်၊ ရတနာစုရပ်၌ မတ် ၉ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်၌ မွေ-ဥယျာဉ်-ထန်းတောလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မွေ-ဉယျာဉ်-ထန်းတောလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ် ရပ်ရွာအ‌ခြေပြု အခြေခံ စက်ချုပ်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အမျိုးသမီးရေးရာကော်မတီတို့ ပူပေါင်းဖွင့်လှစ်သည့်ရပ်ရွာအ‌ခြေပြု မိန်းမဝတ်အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့၌ တနင်္လာနေ့တိုင်း ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ တာ၀န်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ခရိုင်အတွင်း အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုအဖြစ်ယနေ့နံနက်ပိုင်းက ပြင်ဦးလွင် မြို့မဈေးတွင် ဆောင်ရွက်သည်။       

ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ယာယီစာဖြေခန်း အသင့်ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က (ငါန်းဇွန်)စာဖြေဌာနမှ ကျောင်းသားကျောင်းသူများအတွက် မြို့နယ်ပြည်သူ့ဆေးရုံအတွင်း ယာယီစာဖြေခန်း အသင့်ပြင်ဆင်ထားရှိမှုအား ယနေ့နံနက် ၁၁နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး