ငါန်းဇွန် မတ် ၉
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က (ငါန်းဇွန်)စာဖြေဌာမှ ကျောင်းသားကျောင်းသူများအတွက် မြို့နယ်ပြည့်သူ့ဆေးရုံအတွင်း ယာယီစာဖြေခန်း အသင့်ပြင်ဆင်ထားရှိမှုအား ယနေ့နံနက် ၁၁နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ဆေးရုံအတွင်းယာယီစာဖြေခန်းအသင့်ပြင်ဆင်ထားရှိများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)