ပြင်ဦးလွင် မတ် ၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ တာ၀န်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ခရိုင်အတွင်း အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုအဖြစ်ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့မဈေးတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးဝယ်လာရောက်သူများနှင့် စျေးရောင်းချသူများအား တနင်္လာနေ့တိုင်းပလတ်စတစ်အိတ်များ အသုံးပြု၍ ဈေးရောင်းဈေးဝယ်ခြင်းမပြုလုပ်ကြရန် အသိပညာပေးခြင်း၊ ဈေးဝယ်လာသူများထံမှ ပလတ်စတစ်အိတ်များနှင့် Recycle Bag များ လဲလှယ်ပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)