မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၀ ရက် နံနက် ၉ နာရီက စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စု၊ တောင်ဦးကျေးရွာ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

သာစည်မြို့နယ် အ.ထ.က မယ်ဇလီကန်၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်ပင်သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က အ.ထ.က မယ်ဇလီကန်ကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ်များထုတ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားကတ်ရရှိသူများနှင့် UID ကတ်ရရှိသူများအား ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၃)ကျောင်းတွင် ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများအား ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်များမှ ကျန်းမာရေးအခမဲ့ကွင်းဆင်းကုသမှုဆောင်ရွက်

ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့်အထူးကုဆရာဝန်များမှ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်နေသော ပြည်သူများအား အခမဲ့ကွင်းဆင်း ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ရွှေညောင်ဖူးတိုက်နယ်ဆေးရုံတွင် ပြုလုပ်သည်။

မိတ္ထီလာမြို့ အ.ထ.က (၂) ၌ လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်၌  ခရမ်းသီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိထားလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ခရမ်းသီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်မှုအား ယမန်နေ့နံနက် (၉) နာရီအချိန်က အနောက်ရပ် (အ.လ.က) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အ.ထ.က-၃ ကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျောင်း အောင်ဇေယျခန်းမတွင် ပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး