မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ မိုးရာသီ သီးနှံမျိုးစုံ ၁၅၅,၁၅၄ ဧကကျော် လျာထားစိုက်ပျိုးမည်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်းသိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့်   မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ၁၅၅,၁၅၄ ဧက ကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ပြည်သူလူထုအခြေပြု အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုအခြေပြု အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၇ ရက် နေ့မွန်းလွဲ  ၁ နာရီက တံတားဦးမြို့နယ် ရေခါးကျေးရွာအုပ်စု ဥမှင်ကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးထားရှိသည့် မိုးသီးနှံ မြေပဲ၊ နှမ်းနှင့် ပဲစင်းငုံ စံပြကွက်များအားကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးထားရှိသည့်  မိုးသီးနှံများဖြစ်သော ပဲစင်းငုံ စံပြကွက်၊ မြေပဲ စံပြကွက်နှင့် နှမ်းသီးနှံ စံပြကွက်များ အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများအား၊ ဇွန် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ညောင်ဦးမြို့ မဏိစည်သူဈေးအတွင်း အစားအသောက်နှင့်ဆေးဝါးပစ္စည်းများ သတ်မှတ်စည်းကမ်းအတိုင်း ရောင်းချမှုရှိ၊မရှိစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ် မဏိစည်သူဈေးနှင့်ကျောင်းများတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများနှင့်ကျောင်းဈေးသည်များ အစားအသောက်ရောင်းချမှု ရည်ညွှန်းသတ်မှတ်ချက်များနှင့်ညီညွတ်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁၉ ရက် နံနက် ၁၁ နာရီခွဲက ကွင်းဆင်းစစ်ဆေးသည်။

ပျော်ဘွယ်မြို့နယ်၌ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားကတ်ရရှိသူများနှင့် UID ကတ် ရရှိသူများအား ထုတ်ပေးခြင်းကို ဇွန် ၁၉ ရက်၊ နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပသည်။

မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါပန်းတိုင် အထွက်နှုန်းထွက်ရှိရေး စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား ဝါမျိုးစေ့ (B.31) ပေးအပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါပန်းတိုင် အထွက်နှုန်း ထွက်ရှိရေး စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား ဝါမျိုးစေ့ (B.31) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ငါန်းဇွန်မြို့၌ မြစ်ကမ်းပါးများတွင် အိမ်သာများဆောက်လုပ်ခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းများ မရှိစေရေး ရှောင်တခင်ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်အတွင်းရှိ မြစ်ကမ်းပါးများတွင် အိမ်သာများ ဆောက်လုပ်ခြင်းနှင့်အမှိုက်စွန့်ပစ်ခြင်းများ မရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ မီးဘေးလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ မြို့တော်ဆေးရုံတွင် မီးဘေးလုံခြုံမှုရှိစေရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။ မီးဘေးလုံခြုံရေးဆိုင်ရာ လေ့ကျင့်ရာသို့ ခရိုင်မီးသတ်ဉီးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုး ဉီးဆောင်၍ လေ့ကျင့်ပြသခဲ့ကြောင်းသိရသည်။

‎မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၃)ကျောင်းတွင် ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်အတွင်းရှိပြည်သူများအား ကျန်းမာရေးအခမဲ့ကွင်းဆင်းကုသမှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့်အထူးကုဆရာဝန်များမှ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်နေသော ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ဇွန် ၁၉ ရက် နံနက် ၈ နာရီက ရွှေညောင်ဖူးတိုက်နယ်ဆေးရုံတွင် ပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး