မန္တလေးတိုင်းဒေသကြီး

သာစည်မြို့နယ် ကျတ္တီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကန်သစ်ကျေးရွာအုပ်စု ကျတ္တီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ အောင်တော်မူစေတီဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြုလုပ်သော “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို ယနေ့နံနက် (၉:၀၀) နာရီက ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်းကျေးရွာရှိအခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။ 

သာစည်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ Placement Test အထူးအစီအစဉ်ဖြေဆိုပြီးစီး

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ပြန်လည်ရောက်ရှိရေးအတွက် Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်း စစ်ဆေးခြင်းကို မဟာအောင်မြေမြို့နယ်တွင် အ.ထ.က(၁၃)ကျောင်းတွင် ဇွန် ၁၅ ရက်မှ စတင်၍ဆောင်ရွက်ပေးခဲ့ရာ ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ‌ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ယမန်နေ့နံနက် (၁၀) နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပွံ(ကျောက်ဆည်)၌ အသက်မွေးဝမ်းကျောင်းပညာကာလတို သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဒေသတွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေး တို့အားရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့် Basic Computer နှင့် Auto CAD ကာလတိုသင်တန်းဆင်းပွဲ ယနေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်၌ မှိုစိုက်ပျိုးထုတ်လုပ်မှုအခြေခံသင်တန်း ပို့ချလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ‌စိုက်ပျိုးရေးဦးစီးဌာနမှ မှိုစိုက်ပျိုးထုတ်လုပ်မှုအခြေခံသင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ရှင်းလင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ Grade-4 မှ Grade-5 အထိ လူမှုရေးဘာသာရပ်၊ Grade-6 မှ Grade–8 အထိ သမိုင်းဘာရပ်များ placement test (အထူးအစီအစဉ်) စာမေးပွဲဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade-4 မှ Grade-5 အထိ လူမှုရေးဘာသာရပ်၊ Grade-6 မှ Grade–8 အထိ သမိုင်းဘာရပ်များ placement test (အထူးအစီအစဉ်) စာမေးပွဲကို ဇွန် ၁၉ ရက်နံနက် ၉ နာရီအချိန်၌ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး