ကျောက်ဆည်မြို့နယ်၌  ခရမ်းသီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေ

ကျောက်ဆည် ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိထားလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ခရမ်းသီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရမ်းသီးနှံ စိုက်ပျိုးမည်ဆိုပါက ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် ()ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ်ရေသွင်းပေးရကြောင်း အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်အခြေများတွင် အာမိုမြေဩဇာနှင့်ပုလဲမြေဩဇာရော၍ သင့်တင့်ရုံ ကျွေးပေးရပြီး လိုအပ်တဲ့အချိန်တွင် အပင်အားတိုးဆေးနှင့်ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်း၊ စတင်ခူးဆွတ် ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ် ရောင်းချရကြောင်း၊ (၃)လခန့် ခူးဆွတ်ရောင်းချ ရကြောင်း ရန်ပုံနှစ်ကျေးရွာမှ ဦးတင်ထွန်းက ပြောပြသည်။

ခရမ်းစိုက်ပျိုးရာတွင် အပင်သေပျောက်မှုမရှိစေရေး ခရမ်းမျိုးစေ့များအား ဦးစွာပျိုးထောင်ပြီး သန်မာ သည့် ပျိုးပင်များအား ရွေးချယ်စိုက်ပျိုးကြကြောင်း ပျိုးပင်သက်()လသားအရွယ်တွင် မြေပြင် ထားသည့် စိုက်ခင်းထဲကိုပြောင်းရွေ့စိုက်ပျိုးကြောင်း၊ အပင်ငယ်ချိန်တွင် သီးထပ်၊ သီးညှပ်အဖြစ် ချဉ်ပေါင်သီးနှံနှင့် နံနံပင်များ တွဲ၍စိုက်ပျိုးခြင်းများပြုလုပ်ပါက အပိုဝင်ငွေထပ်မံရရှိကြောင်း ခရမ်းစိုက် တောင်သူတစ်ဦးမှ ပြောပြ၍ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)