သာစည် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်ပင်သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က အ.ထ.က မယ်ဇလီကန်ကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။
ဦးစွာ သစ်ပင်စိုက်ပျိုးပွဲကိုပြုလုပ်ရာ မြိုနယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးအောင်ကျော်စိုးက ကျောင်းအုပ်ကြီးဦးကျော်လွင်ထံ ပျိုးပင်များပေးအပ်ပြီး တမာပင် ၃၀ ပင်၊ စိန်ပန်း ၂၅ ပင်၊ ဗန်ဒါ ၂၅ ပင်၊ ရေတမာ ၂၅ ပင်၊ တပေဘူတ ၂၅ ပင် စုစုပေါင်း အပင် ၁၃၀ တို့ကို ဦးစီးအရာရှိ ဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများကဦးဆောင်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ တောအုပ်ကြီးဦးခင်မောင်ဌေးက မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့ကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များ ပေးဝေလှူတန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)