အမရပူရ ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်၊ အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အင်အားဝန်ကြီးဌာနရုံးမှ အစိုးရသစ်လက်ထက် ပထမ ရက်(၁၀၀) အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၂ ရက် နံနက် ၁ဝ နာရီက တပ်ကြီး ကျေးရွာအုပ်စုရှိ အသက် ၁ဝ နှစ်မှ ၁၈ နှစ်ကြား၊ ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများကို လဝကမှူး ဒေါ်အေးအေးဆွေ ဦးဆောင်သောအဖွဲ့မှ တပ်ကြီးကျေးရွာအခြေခံပညာကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာ တွင် အသက် ၁၀ နှစ်မှ ၁၈ နှစ်အတွင်း အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၃၀ ဦး၊ အသက် ၁၈ နှစ်အထက် ကျား ၂ ဦး ၊စုစုပေါင်း ၆၄ ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ဆက်လက်၍ အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံး၊ မြို့နယ်ဦးစီးမှူးဦးထင်အောင်ထံမှ သိရသည်။
စိုးသီဟ(အမရ)