မန္တလေးတိုင်းဒေသကြီး

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူနေအိမ်နှစ်လုံး၊ စျေးဆိုင်ဆိုင်းဘုတ်တစ်ခုနှင့် ဝန်ထမ်းအိမ်ရာအမိုးသွပ်များ ထိခိုက်ပျက်စီး

ဧပြီလ ၂၉ ရက် ညနေ ၅း၃၀ မိနစ်အချိန်တွင် မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူနေအိမ်နှစ်လုံး၊ စျေးဆိုင်ဆိုင်းဘုတ်တစ်ခုနှင့် ဝန်ထမ်းအိမ်ရာအမိုးသွပ်များ ထိခိုက်ပျက်စီးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းရေးလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီး မိုးကြိုးထိမှန်မှုကြောင့် လူတစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ဧပြီ (၂၈)ရက်နေ့ ညနေ (၄)နာရီ (၂၀)မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ အမိုးလန်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် မိုးကြိုးထိမှန်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးမှ သိရသည်။

ညောင်ဦးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးမြို့၊ အမှတ်(၁)၊ သီရိမင်္ဂလာရပ်ကွက်၌ပြုလုပ်သည့် အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များကို ညောင်ဦးမြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေး​နေမှုများကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၌ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊​ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဧပြီ ၂၈ ရက်နေ့က ညောင်ဦးမြို့ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အ​နော်ရထာခန်းမ၌ “သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းကို ဧပြီလ ၂၈ ရက်‌ နေ့လည် ၁၁ နာရီက စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်အေး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်ရုံး)မှ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။

မြစ်သားမြို့နယ်၌ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲကို ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက မိတ္ထီလာမြို့ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များအရောက် ရက် (၁၀၀) စီမံချက်ဖြင့်  နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

‎‎လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး​နေမှုများကို တာဝန်ရှိသူများက ဧပြီလ ၂၈ ရက် နံနက်ပိုင်းက ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ် မြစ်သားမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ်သည် ဧပြီလ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်ဝင်း၊ မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး(မြစ်သား)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့၀င်း(တံတားဦးမြို့နယ်)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော်(ကျောက်ဆည်)တို့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်သာမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ နိုင်ငံသားစိစစ်‌ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်က မင်းစုအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး