သုံးခွမြို့နယ် ဘိုးဘွားရိပ်သာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် Biometric များ ကွင်းဆင်းပြုလုပ်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ဘိုးဘွားရိပ်သာတွင် ယမန်နေ့နံနက် ၉ နာရီက ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်Biometric ကောက်ယူမှု လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။