ရွှေပြည်သာ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဥပဒေပညာပြန့်ပွားရေးဆရာဖြစ် (TOT) သင်တန်းကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခတ္တဥက္ကဋ္ဌ ဦးဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ယွန်းမီမီသက်က ဥပဒေသင်တန်းဖွင့်လှစ်ရခြင်းနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ရွှေ ပြည်သာမြို့နယ် ရပ်ကွက်/ကျေးရွာ(၂၇)ခုမှ အုပ်ချုပ်ရေး(၂၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၂-၆-၂၀၂၆ မှ ၂၆-၆-၂၀၂၆ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)